top of page
Search

Hair Care by Diet

  • Mar 18, 2022
  • 1 min read

ဒီနေ့တော့ အမွှေး ထိန်းသိမ်း စောင့်ရှောက်ပုံ အစားအသောက် အကြောင်း ပြောပါမယ်။


အစားအသောက် အရေးကြီးဆုံးက well balanced diet သမ မျှတတဲ့ အစာကျွေးဖို့ လိုပါတယ်။ အစိမ်း raw ကျွေးရင် ပိုထိရောက်တာ မှန်ပေမယ့် raw ကလူတိုင်း မလုပ်နိုင် ပါဘူး။ ဒါကြောင့် ချက်ကျွေးလို့ ရပါတယ်။ စုံစုံလင်လင် လိုသမျှ အာဟာရ ဓာတ်တွေ ပါဝင်အောင် ကျွေးပါ။ ကြက်သားနဲ့ ထမင်းပဲ ကျွေးလို့ အမွှေး မလှပါ။ အစာခြောက်ပဲ ကျွေးလို့ မရပါ။ ဘယ်အစာတွေက အမွှေး အတွက် ကောင်းသလဲ။

အမွှေးအတွက် အရေးကြီးတဲ့ ဓာတ် လေးမျိုး ရှိပါတယ်။

Keratin Biotin Iron Omega Fatty Acids


Keratin ကအမွှေး၊ လက်သည်း ခြေသည်း အတွက် အရေးကြီးတဲ့ ဓာတ်တစ်မျိုးပါ။ အသား ပရိုတင်း ကနေ အဓိက ရပါတယ်။ အစာခြောက်တွေမှာ အသားက ရတဲ့ ပရိုတင်း ဓာတ်နည်းပါး ပါတယ်။ ဒါကြောင့် quality မကောင်းတဲ့ အစာခြောက်တွေ ကျွေးနေရင် အသားဓာတ် ထပ်ထည့်ပေး ရပါမယ်။


Biotin က ဥအနှစ် အမျိုးမျိုး၊ ဆယ်လမွန်ငါး၊ ကလီစာ၊ ပဲအမျိုးမျိုးနဲ့ ကန်စွန်းဥမှာ ပါပါတယ်။ တခြားခွေး တော့မပြောလို ပေမယ့် pom လိုလက်တစ်ဆုပ်‌စာ လောက်ပဲ စားတဲ့ ခွေးတွေကို ပဲမကျွေး ပါဘူး။ အစာခြေရ ခက်တယ်။ အာဟာရ နည်းပါးပါတယ်။ ကန်စွန်းဥ ကတော့ တစ်ခါတစ်ရံ ကျွေးပါတယ်။


Iron သံဓာတ်က အမဲ အသဲ၊ ဟင်းနုနွယ် spinach, oyster, pumpkin seeds တွေမှာ ပါပါတယ်။ အသဲကို အစာရဲ့ ၅% ပါဝင်အောင် ထည့်သင့် ပါတယ်။ အမဲအသဲက အရမ်း ပြည့်ဝတဲ့ အစာ ဖြစ်တာကြောင့် ၃-၅% ထက်မပိုသင့် ပါဘူး။


Omega Fatty Acids ဒီဟာကတော့ အရေးအကြီးဆုံး ပါပဲ။ လူတိုင်းက လွယ်လွယ် ကူကူ ငါးကြီးဆီ တိုက်‌ပေမယ့် ငါးကြီးဆီ တစ်ခုတည်း အပေါ် မမှီခို သင့်ပါဘူး။ ဒါကို နိုင်ရိုဘီ ပေပေကော၊ ကျွန်မရော ခဏခဏ ရေးဖူး ပါတယ်။ ဘာလို့လဲ ဆိုတော့

ငါးတွေမှာ မာကျူရီ ပါဝင်မှု နှုန်း များလာတာ၊ (ပစိဖိတ် ဆယ်လမွန် ငါးတွေဆို ဓာတု အဆိပ် သင့်တဲ့ ငါးတွေ များပါတယ်) ငါးအလွန်အကျွံ ဖမ်းဆီး ရာကနေ ဂေဟ စနစ်‌တွေ ပျက်သုန်း လာတာ၊ ထိန်းသိမ်းပုံ မမှန်တာကြောင့် လေနဲ့ ထိပြီး oxygen နဲ့ ဓာတ်ပြုပြီး နောက်ဆက်တွဲ ကင်ဆာ ရောဂါတွေ ဖြစ်တတ် ပါတယ်။ ဒါကြောင့် ငါးကြီးဆီ ဝယ်မယ် ဆိုရင် သေချာ စစ်ဆေး သင့်ပါတယ်။ ငါးကြီးဆီ အပြင် ငါးအမျိုးမျိုး ပြုတ်ကျွေးတာ၊ အခွံမာသီး nuts တွေ (ရေတစ်ည စိမ် ကြိတ်ပြီးမှ ကျွေးရန်၊ macadamia ကလွှဲလို့)flax seeds (‌အမှုန့်ကြိတ်ပြီး ကျွေးခါနီးမှ ဖြူးထည့်ရန်) ထောပတ်သီး (vitamin E ကြောင့် အရေပြားနဲ့ အမွှေး အတွက် ကောင်း) တွေကျွေး နိုင်ပါတယ်။ ငါးကြီးဆီ အပြင် Coconut oil, MCT oil, Flaxseed oil စတာတွေ အနည်းငယ်စီ ကျွေးလို့ ရပါတယ်။


 
 
 

Recent Posts

See All

Comments


Hi, thanks for stopping by!

I'm a paragraph. Click here to add your own text and edit me. I’m a great place for you to tell a story and let your users know a little more about you.

Let the posts
come to you.

Thanks for submitting!

  • Facebook
  • Instagram
  • Twitter
  • Pinterest

Let me know what's on your mind

Thanks for submitting!

© 2023 by Turning Heads. Proudly created with Wix.com

bottom of page